Sunday, September 8, 2013

အမေရိကန် နိုင်ငံ အနောက် အလယ်ပိုင်း Winston Cup ဂေါက်သီးရိုက်ပြိုင်ပွဲ


ဘ၀တပါးသို့ ကူးပြောင်းသွားသည့် အမေရိကန် နိုင်ငံ အနောက် အလယ်ပိုင်း မြန်မာ ဂေါက်ကလပ် အသင်းနာယက Dr. Winston Khin  ကို ဂုဏ်ပြု သည့်   Winston Cup ဂေါက်သီးရိုက် ပြိုင်ပွဲ ကို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့  Chestnut Hills ဂေါက်ကွင်း၌ စက်တင်ဘာလ ၇ ရက်နေ့ တွင်ကျင်းပခဲ့ရာ အိုဟိုင်းယိုးပြည်နယ်  Cincinnati စင်စနာတီမြို့ မှ ကိုကိုသော် က ရိုက်ချက် ၈၁ ချက် ဖြင့် ပထမ ဆု ကို ရရှိသွားခဲ့သည်။ အနီးဆုံးကျွင်း နှင့် ဒုတိယ ဆု ကို ဂျာမေကာ မှာ Darlton   နှင့် အေးလူးနှိုက်စ် ပြည်နယ် ချီကာဂို မြို့ မှ ကို ကျော်ကျော်ထွေး ( ခေါ်) ကိုဖိုးကျော် က ၃၂၁ ကိုက် ရိုက်ခဲ့ပြီး  အဝေးဆုံးဆု အသီးသီးရရှိခဲ့ပါသည်။

 Winston Cup ဂေါက်သီးရိုက် ပြိုင်ပွဲ သို့ အင်ဒီယားနားပြည်နယ်၊ အေးလူးနှိုက်စ် ပြည်နယ်၊ အိုဟိုင်းယိုးပြည်နယ်၊ နယူးယောက်ပြည်နယ်၊ ဂျာမေကာ နှင့် ပန်ဆန်ဗေးနီးယားပြည်နယ် များ မှ Dr. Winston Khin ၏ မိတ်ဆွဂေါက်သီး ၀ါသနာရှင်များ လာရောက် ဂါရ၀ပြု ယှဉ်ပြိုင်ခဲ့ ကြပါသည်။ အမေရိကန် နိုင်ငံ အနောက် အလယ်ပိုင်း မြန်မာ ဂေါက်ကလပ် မှ အသင်းနာယက Dr. Winston Khin ကို ဂုဏ်ပြုသော အားဖြင့်  Wiston Cup ဂေါက်သီးရိုက်ပြိုင်ပွဲ ကို  နှစ်စဉ်ကျင်းပသွားမည် ဖြစ်ကြောင်းလည်း  ကြားသိရပါသည်။

Dr. Winston Khin ၂၀၁၁ ချီကာဂို ဂေါက်သီးရိုက်ပြိုင်ပွဲ အမှတ်တယ