Monday, June 1, 2009

2009 Indiana - Burma Open Golf Outing


၂၀၀၉ ခုနှစ် Indiana- Burma Open Golf Tournament တွင် ပထမဆုရရှိသွားသူ ကိုဆမ်တင်

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖော့ဝိုင်းမြို့ မြန်မာဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) က ကြီးမှူးပြီး ပထမ အကြိမ်မြောက် အင်ဒီယားနားပြည်နယ် မြန်မာဂေါက်သီးရိုက်ပြိုင်ပွဲကို Memorial Holidays ၂၀၀၉ခုနှစ် မေလ ၂၃ ရက် စနေနေ့တွင် ကျင်းပပြီးစီးသွားခဲ့ပါသည်။ ပြိုင်ပွဲကို Golf Reader Digest မဂ္ဂဇင်းမှ 4 ½ Star အဆင့် အဖြစ် အသိအမှတ်ပြု သတ်မှတ်ထားခြင်းခံရသော Cherry Hill ဂေါက်ကွင်းမှာ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲသို့ ပြည်နယ်ပေါင်း ၇ ပြည်နယ်မှ ဂေါက်သီးရိုက်ဝါသနာရှင် စုစုပေါင်း ၂၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အိုဟိုင်းယိုး ပြည်နယ်မှ ကို Sam Tin ( ဆမ်မ်တင်) က ၈၄ ချက်ရိုက်ပြီး ပထမဆုကိုရရှိသွားပြီး၊ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့ မှ ကိုဝင်းမိုး၊ အေးလူနိုက်စ် (Illinois) ချီကာဂိုမြို့ မှ ကို ဖိုးကျော်၊ မီဆိုရီ ( Missouri)ပြည်နယ် စိန့်လူးဝစ်မှ ( St. Louis) မှ ကို အေးသန်း တို့ ၃ ဦး က ၈၅ ချက်စီရိုက်ကာ ဒုတိယဆု ကို ပူးတွဲရရှိသွားပါသည်။

ပထမဆုကို ရရှိသွားသော Sam Tin ( ကို ဆမ်မ်တင်) က Par ၈ချက်၊ Bardi ၁ ချက်၊ကိုဝင်မိုးက Par ၅ ချက် ၊ Bardi ၂ ချက်၊ ကို ဖိုးကျော်က Par ၆ ချက် ၊ Bardi ၁ ချက်၊ ကို အေးသန်းက Par ၆ ချက်၊ Bardi ၁ ချက် အသီးသီးရိုက်ခဲ့ကြပါသည်။

အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှ ကို ငြိမ်းချမ်းက အဝေးဆုံး Drive ( Longest Drive) နှင့် အနီးဆုံး တွင်း
(Closest Pin) ဆု နှစ်ဆု ကို ရရှိသွားခဲ့ပါတယ်။ ပြိုင်ပွဲသို့ ကယ်လီဖိုးနီးယားပြည်နယ် ( California)၊ ဖလော်ရီဒါ ( Florida) ပြည်နယ်၊ အေးလူနိုက်စ် (Illinois) ပြည်နယ်၊ မီဆိုရီ ( Missouri)ပြည်နယ်၊ ကန်တက်ကီ ( Kentucky) ပြည်နယ်၊ အိုဟိုင်းယိုး ( (Ohio) ပြည်နယ်၊ အင်ဒီယားနား (Indiana) ပြည်နယ် မှ မြန်မာဂေါက်သီး ၀ါသနာရှင်များ၊ မြန်မာမိတ်ဆွေ အမေရိကန် ဂေါက်သီးဝါသနာရှင်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပထမ အကြိမ်မြောက် အင်ဒီယားနားပြည်နယ် မြန်မာဂေါက်သီးရိုက်ပြိုင်ပွဲ ကို ဖို့ဝိန်းမြို့ မှ ယိုကိုဟားမား ဂျပန်စားသောက်ဆိုင်(Yokohama Restaurant) ၊ Little Burma Asian Grocery & Gifts နှင့် ဖို့ဝိန်းမြို့ မြန်မာဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) က ကမကထ ကြီးမှူး ကျင်းပပေးခဲ့ပြီး၊ လာရောက်ယှဉ်ပြိုင်ခဲ့ကြသော ဂေါက်သီးဝါသနာရှင်များအားလုံးကို ဆုများ အသီးသီး ချီးမြင့်ပေးခဲ့သည့်အပြင်၊ ဂျပန်အစားအစာ၊ မြန်မာရိုးရာအစားအစာတို့ဖြင့် ညစာကို တည်းခင်းကျင်းပခဲ့ကြောင်းကြားသိရပါသည်။

ဖို့ဝိန်းမြို့ မြန်မာဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) မှ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ကိုမြတ်စိုး နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာဒုက္ခသည်များ အဖွဲ့ (U.N.H.C.R) မှာ တာဝန်ထမ်းဆောင် ခဲ့သော ကုလသမဂ္ဂအရာရှိဟောင်း Uncle Hla Myint (Ohio) တို့က ပထမဆုရရှိ သွားသော ကို ဆမ်မ်တင်( Ko Sam Tin) ကို ကထမဆု ချီးမြင့်ပေးခဲ့ပြီး၊ ဒုတိယရရှိသူများကို ယိုကိုဟားမား ဂျပန်ရိုးရာ စားသောက်ဆိုင် ( (Yokohama Restaurant) ပိုင်ရှင် ကိုဖြိုးက ဆုများအသီးသီး ချီးမြင့်ပေးခဲ့ပါသည်။ Little Burma Asian Grocery & Gifts ပိုင်ရှင် ကိုသာကျော်မောင် က အဝေးဆုံးနှင့် အနီးဆုံးဆုရရှိသွားသူ ကိုငြိမ်းချမ်းကို ဆုချီးမြှင့်ပေးခဲ့ပြီး၊ ဒီနှစ် တိုးတက်မှုအရှိဆုံး ဂေါက်သီး ၀ါသနာရှင် (Most Improved Player) အဖြစ် ကိုသာကျော်မောင်ကို ဖို့ဝိန်းမြို့ မြန်မာဂေါက်သီး ကလပ် ( Burma Golf Club- Fort Wayne) မှ ဆုချီးမြင့်ပေးခဲ့ပါသည်။

2009 Burma Open Golf Outing Scores

Burma- Indiana Golf Open Outting Scores Burma- Indiana Golf Open Outting Scores msoe9872

2009 Burma Open Golf Outing




































2009 Burma Open Golf Outing

2009 Burma Open Golf Outing

Basic Outing Rules:

1) Play the white tee
2) You must putt out every hole (You must play the ball into the hole before starting the next hole)
3) Must turn in a score card of your group
4) The ball must be on the first green for being closet to the pin.
5) The longest drive must be within the designated fairway.
6) Can switch to a different brand of golf ball on every hole on the course – But the change must be made between the play of holes. (One ball per hole)
7) You must play the ball as it lies. You can not move it to a better spot.
8) Always mark your ball by putting a small coin or other marker behind it when you want to pick it up to clean or get it out of another player's way.
9) A ball is lost if it is not found within five minutes after you first begin to search.
10) When you drop a ball, stand erect, hold your arm out straight and drop it.
11) If you think your ball may be lost or out of bounds, you may play another ball (provisional ball) from the place where your first ball was played. You must tell your opponent or fellow-competitor that you are playing a provisional ball and play it before you look for the first ball.
12) Drop the ball within one club-length of that point.

A penalty or penalty stroke

1) Ball Lost or Out of Bounds
2) Ball Unplayable
3) Cleaning a ball while it is in play, except when the ball is on the green
4) Hitting the wrong ball
5) The club’s touching the ground prior to the swing during sand shot

Indiana- Burma Open Golf Tournament


-(Burma Golf Club- Fort Wayne)-

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖော့ဝိုင်းမြို့ မြန်မာဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) က ကြီးမှူးပြီး ပထမ အကြိမ်မြောက် အင်ဒီယားနားပြည်နယ် မြန်မာဂေါက်သီးရိုက်ပြိုင်ပွဲကို Memorial Holidays ၂၀၀၉ခုနှစ် မေလ ၂၃ ရက် စနေနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။ Indiana –Burma Open Golf Tournament သို့ မည်သည့် ဂေါက်သီးရိုက်ဝါသနာရှင်မဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ မိမိတို့ အသိမိတ်ဆွေ ဂေါက်သီး ၀ါသနာရှင်များကိုလည်း ဖိတ်ခေါ်ပြီး လာရောက် ယှဉ်ပြိုင်နိုင်ကြောင်း ကြားသိ ရပါသည်။ Green Fee, Free Golf carts, Free rang balls, snack foods, drinks အပါအ၀င် ညနေစာဖြင့် ဧည့်ခံ သွားမည်ဖြစ်ပြီး၊ ၀င်ကြေး မှာ တယောက်လျှင် ၆၅ ဒေါ်လာ ဖြစ်ကြောင်း ကြားသိရပါသည်။

ကယ်လီဖိုးနီးယား၊တက္ကဆတ်၊ဖလော်ရီဒါ၊ အပါအ၀င် အမေရိကန်နိုင်ငံ တ၀န်းမှ မြန်မာဂေါက်သီး သမားများ လာရောက် ယှဉ်ပြိုင်ကြလိမ့်မယ်လို့ ကြိုတင်သိရှိရပါတယ်။ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် လိုသူများ ၂၀၀၉ ခုနှစ် မေလ ၁၄ ရက်နေ့ထက် နောက်မကျပဲ ၀င်ကြေး ကို ပို့ပေးရမည် ဖြစ်ကြောင်း၊ တည်းခိုခန်းများအတွက် အကူအညီလိုအပ်ပါက လည်းကောင်း၊ ပြိုင်ပွဲ မတိုင်ခင် နှင့် ပြိုင်အပြီး နေ့များ၌ ဂေါက်သီးရိုက်လိုကြသော ဂေါက်သီးဝါသနာရှင်များအနေဖြင့် သတင်းအချက်အလက်ကို သိရှိလိုပါလျှင် ဖော်ပြထားသော မြန်မာ ဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) ဖုန်းနံပါတ်များထံ ကြိုတင်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း ကြားသိရပါသည်။

အမေရိကန်ရောက် မိမိတို့ မြန်မာအသိမိတ်ဆွေ ဂေါက်သီးဝါသနာရှင်များထံ လက်ဆင့်ကမ်း သတင်းပေး ပေးကြပါ။ အမေရိကန် ပြည်နယ်များရှိ ဂေါက်သီးသမား အကျော်အမော်များကို အင်ဒီယားနားပြည် ဖော့ဝိုင်းမြို့ မြန်မာဂေါက်သီးကလပ်မှ တလေးတစား ဖိတ်ခေါ်အပ်ပါသည်။

Host: Burma Golf Club ( Fort Wayne)

Location:
Cherry Hill Golf Course 6615 Wheelock Rd, Fort Wayne
Indiana, USA. When: Saturday, May 23, 11:30AM Phone: 260-615-0575
Send you check by: May 14th, 2009
Amount: $65

Payable to : Myat Soe.

Myat Soe
4812 Old Maysville Road
Fort Wayne, Indiana 46815 Tel: (260) 615-0575

CONTACT PERSONS:

Burma Golf Club ( Fort Wayne) ( 260-705-4181)
Burma Golf Club ( Fort Wayne) (260-415-4862)
Burma Golf Club ( Fort Wayne) (260-602-4205)
Burma Golf Club ( Fort Wayne) (260-444-8737)

We will provide the direction to Burma Golf Club House for awarding ceremony and dinner. Open to all golfers looking for a great day of fun. Hope to see you all there.