Monday, June 1, 2009

2009 Indiana - Burma Open Golf Outing


၂၀၀၉ ခုနှစ် Indiana- Burma Open Golf Tournament တွင် ပထမဆုရရှိသွားသူ ကိုဆမ်တင်

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖော့ဝိုင်းမြို့ မြန်မာဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) က ကြီးမှူးပြီး ပထမ အကြိမ်မြောက် အင်ဒီယားနားပြည်နယ် မြန်မာဂေါက်သီးရိုက်ပြိုင်ပွဲကို Memorial Holidays ၂၀၀၉ခုနှစ် မေလ ၂၃ ရက် စနေနေ့တွင် ကျင်းပပြီးစီးသွားခဲ့ပါသည်။ ပြိုင်ပွဲကို Golf Reader Digest မဂ္ဂဇင်းမှ 4 ½ Star အဆင့် အဖြစ် အသိအမှတ်ပြု သတ်မှတ်ထားခြင်းခံရသော Cherry Hill ဂေါက်ကွင်းမှာ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲသို့ ပြည်နယ်ပေါင်း ၇ ပြည်နယ်မှ ဂေါက်သီးရိုက်ဝါသနာရှင် စုစုပေါင်း ၂၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အိုဟိုင်းယိုး ပြည်နယ်မှ ကို Sam Tin ( ဆမ်မ်တင်) က ၈၄ ချက်ရိုက်ပြီး ပထမဆုကိုရရှိသွားပြီး၊ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့ မှ ကိုဝင်းမိုး၊ အေးလူနိုက်စ် (Illinois) ချီကာဂိုမြို့ မှ ကို ဖိုးကျော်၊ မီဆိုရီ ( Missouri)ပြည်နယ် စိန့်လူးဝစ်မှ ( St. Louis) မှ ကို အေးသန်း တို့ ၃ ဦး က ၈၅ ချက်စီရိုက်ကာ ဒုတိယဆု ကို ပူးတွဲရရှိသွားပါသည်။

ပထမဆုကို ရရှိသွားသော Sam Tin ( ကို ဆမ်မ်တင်) က Par ၈ချက်၊ Bardi ၁ ချက်၊ကိုဝင်မိုးက Par ၅ ချက် ၊ Bardi ၂ ချက်၊ ကို ဖိုးကျော်က Par ၆ ချက် ၊ Bardi ၁ ချက်၊ ကို အေးသန်းက Par ၆ ချက်၊ Bardi ၁ ချက် အသီးသီးရိုက်ခဲ့ကြပါသည်။

အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှ ကို ငြိမ်းချမ်းက အဝေးဆုံး Drive ( Longest Drive) နှင့် အနီးဆုံး တွင်း
(Closest Pin) ဆု နှစ်ဆု ကို ရရှိသွားခဲ့ပါတယ်။ ပြိုင်ပွဲသို့ ကယ်လီဖိုးနီးယားပြည်နယ် ( California)၊ ဖလော်ရီဒါ ( Florida) ပြည်နယ်၊ အေးလူနိုက်စ် (Illinois) ပြည်နယ်၊ မီဆိုရီ ( Missouri)ပြည်နယ်၊ ကန်တက်ကီ ( Kentucky) ပြည်နယ်၊ အိုဟိုင်းယိုး ( (Ohio) ပြည်နယ်၊ အင်ဒီယားနား (Indiana) ပြည်နယ် မှ မြန်မာဂေါက်သီး ၀ါသနာရှင်များ၊ မြန်မာမိတ်ဆွေ အမေရိကန် ဂေါက်သီးဝါသနာရှင်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပထမ အကြိမ်မြောက် အင်ဒီယားနားပြည်နယ် မြန်မာဂေါက်သီးရိုက်ပြိုင်ပွဲ ကို ဖို့ဝိန်းမြို့ မှ ယိုကိုဟားမား ဂျပန်စားသောက်ဆိုင်(Yokohama Restaurant) ၊ Little Burma Asian Grocery & Gifts နှင့် ဖို့ဝိန်းမြို့ မြန်မာဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) က ကမကထ ကြီးမှူး ကျင်းပပေးခဲ့ပြီး၊ လာရောက်ယှဉ်ပြိုင်ခဲ့ကြသော ဂေါက်သီးဝါသနာရှင်များအားလုံးကို ဆုများ အသီးသီး ချီးမြင့်ပေးခဲ့သည့်အပြင်၊ ဂျပန်အစားအစာ၊ မြန်မာရိုးရာအစားအစာတို့ဖြင့် ညစာကို တည်းခင်းကျင်းပခဲ့ကြောင်းကြားသိရပါသည်။

ဖို့ဝိန်းမြို့ မြန်မာဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) မှ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ကိုမြတ်စိုး နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာဒုက္ခသည်များ အဖွဲ့ (U.N.H.C.R) မှာ တာဝန်ထမ်းဆောင် ခဲ့သော ကုလသမဂ္ဂအရာရှိဟောင်း Uncle Hla Myint (Ohio) တို့က ပထမဆုရရှိ သွားသော ကို ဆမ်မ်တင်( Ko Sam Tin) ကို ကထမဆု ချီးမြင့်ပေးခဲ့ပြီး၊ ဒုတိယရရှိသူများကို ယိုကိုဟားမား ဂျပန်ရိုးရာ စားသောက်ဆိုင် ( (Yokohama Restaurant) ပိုင်ရှင် ကိုဖြိုးက ဆုများအသီးသီး ချီးမြင့်ပေးခဲ့ပါသည်။ Little Burma Asian Grocery & Gifts ပိုင်ရှင် ကိုသာကျော်မောင် က အဝေးဆုံးနှင့် အနီးဆုံးဆုရရှိသွားသူ ကိုငြိမ်းချမ်းကို ဆုချီးမြှင့်ပေးခဲ့ပြီး၊ ဒီနှစ် တိုးတက်မှုအရှိဆုံး ဂေါက်သီး ၀ါသနာရှင် (Most Improved Player) အဖြစ် ကိုသာကျော်မောင်ကို ဖို့ဝိန်းမြို့ မြန်မာဂေါက်သီး ကလပ် ( Burma Golf Club- Fort Wayne) မှ ဆုချီးမြင့်ပေးခဲ့ပါသည်။

No comments:

Post a Comment